ဘွဲ့ဝတ်စုံငှားရမ်းသူများလိုက်နာမည့်စည်းကမ်းချက်များ

ဧကာဒသမအကြိမ်ဘွဲ့နှင်းသဘင်၊ ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)

ဘွဲ့ဝတ်စုံငှားရမ်းသူများလိုက်နာမည့်စည်းကမ်းချက်များ

၁။      ဘွဲ့ဝတ်စုံငှားရမ်း ထုတ်ယူသူများသည် နိုင်ငံသားစီစစ်ရေးကဒ် (မူရင်း) အပ်နှံထားခဲ့ရပါမည်။        နိုင်ငံသားစီစစ်ရေးကဒ် မရှိလျှင် ဘွဲ့ဝတ်စုံဘိုး စပေါ်ငွေ _ ၃၅၀၀၀/- (သုံးသောင်းငါးထောင်ကျပ်) တိတိ အပ်နှံထားခဲ့ရပါမည်။ မိမိတို့အပ်နှံထားခဲ့သော နိုင်ငံသားစီစစ်ရေးကဒ် (သို့) စပေါ်ငွေ – ၃၅၀၀၀/- ကို ဘွဲ့ဝတ်စုံပြန်အပ်လျှင် ထုတ်ပေးမည်။ 

၂။         ဘွဲ့ဝတ်စုံ၊ ပစ္စည်း(၃)မျိုး (ဝတ်ရုံ + ခြုံလွှာ + ဦးထုပ်) ကို သေချာစွာစစ်ဆေးလက်ခံယူပါ။

၃။        မိမိငှားရမ်းထားသည့် ဘွဲ့ဝတ်စုံမှာ အောက်ပါအတိုင်း ချို့ယွင်း၊ ပျက်စီး၊ ပျောက်ဆုံးပါကတန်ဘိုး အတိုင်း ပေးလျော်ရပါမည်။

(က) ဘွဲ့ဝတ်ရုံကို ကော်ကပ်ခြင်း၊ ခေါက်ချုပ်ခြင်း၊ မီးကပ်၊ မီးပေါက်၊ မီးကျွမ်း၊ စုတ်ပြဲစသည့် ချို့ယွင်း၊ ပျက်စီးပါက တစ်ထည်လျှင် လက်တို-၂၂၅၀၀- ၊ လက်ရှည်- ၂၅၀၀၀-

(ခ)  ဘွဲ့ဦးထုပ် (ရိုးရိုး) ရေစိုခြင်း၊ ကတ်ပြားကျိုးပါကတစ်လုံး-၇၀၀၀/-

(ဂ)  ဘွဲ့ခြုံလွှာ ခေါက်ချုပ်ခြင်း၊ မီးကပ်၊ မီးပေါက်၊ မီးကွျမ်း၊ စုတ်ပြဲ စသည့်ချို့ယွင်း၊ ပျက်စီးပါက ရိုးရိုးဘွဲ့တစ်ထည် – ၆၀၀၀/- ၊ မဟာဘွဲ့တစ်ထည် – ၇၀၀၀/-

၄။        ဘွဲ့ဝတ်စုံ ပြန်လည်အပ်ရန် ရက်သတ်မှတ်ချက်- (၃.၂.၂၀၂၀) ရက်နေ့ ရုံးချိန်အတွင်း နောက်ဆုံးထားအပ်နှံရမည်။

၅။        ဘွဲ့ဝတ်စုံ ပြန်အပ်လျှင် မိမိတို့ပေးထားသည့် နိုင်ငံသားစီစစ်ရေးကဒ်ပြား (သို့) စပေါ်ငွေကို ပြန်ပေးပါမည်။

၆။        ဘွဲ့ယူပြီးပြီးခြင်း ဘွဲ့ဝတ်စုံ ပြန်လည်အပ်နိုင်ပါသည်။

၇။        ဘွဲ့ယူသူ မောင်/မယ်အားလုံး ဘွဲ့ဝတ်စုံများကို နောက်ဆုံး သတ်မှတ်ရက်/ သတ်မှတ်ချိန် လွန်ပါက (၁) ရက်လျှင် ငွေကျပ်-၃၀၀၀/- နှုန်း ပေးဆောင်ရမည်။

      ဘွဲ့ဝတ်စုံငှားရမ်းရေးဌာန         

ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)