ပြည်ထောင်စုသမ္မတမြန်မာနိုင််ငံတော်အစိုးရ
ပညာရေး၀န်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)
“ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)၏ ဧကဒသမအကြိမ်မြောက်ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း”
၁။ ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ B.C.Sc/ B.C.Tech ဘွဲ့သင်တန်း စာမေးပွဲအောင်မြင်သူများအတွက် ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)၏ ဧကဒသမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက် နှင့် (၂) ရက်များတွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
၂။ ဘွဲ့နှင်းသဘင်လျှောက်လွှာလျှောက်ထားလိုသူများသည် ဤတက္ကသိုလ်၏ သတ်မှတ်ထားသောလျှောက်လွှာပုံစံဖြင့် (၃) လအတွင်း ရိုက်ကူးထားသော (တစ်လက်မခွဲ x နှစ်လက်မ) အရွယ် ဓါတ်ပုံ (၅) ပုံ ပူးတွဲ၍ ဘွဲ့နှင်းသဘင်တက်ရောက်ရန် (သို့မဟုတ်) အဝေးရောက်ယူရန် ဟု ထင်ရှားစွာ ဖော်ပြလျက် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့နောက်ဆုံးထား၍ လျှောက်ထား နိုင်ကြပါသည်။
၃။ ဘွဲ့နှင်းသဘင်ကြေးမှာတက်ရောက်ဘွဲ့၁၅၀၀/- (ကျပ်တစ်ထောင့်ငါးရာတိတိ)၊ အဝေးရောက်ဘွဲ့ ၁၀၀၀/- (ကျပ်တစ်ထောင်တိတိ) ကို ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)၊ ငွေစာရင်းဌာနတွင် ပေးသွင်းရမည်။
၄။ ယခင်နှစ်များက ပထမဘွဲ့ယူပြီး၍ ယခုနှစ်အတွက် ဘွဲ့လွန်ဘွဲ့ယူရန် လျှောက်ထားသူများသည် မူလဘွဲ့လက်မှတ်မိတ္တူကို ပူးတွဲတင်ပြ လျှောက်ထားရမည်။
၅။ ယခင်နှစ်များက ဘွဲ့ရစာမေးပွဲအောင်မြင်သူများသည် အဝေးရောက်ဘွဲ့ အတွက် သာ လျှောက်ထားနိုင်သည်။
၆။ တက်ရောက်ဘွဲ့လျှောက်ထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ရန် ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ်များကို တစ်နှစ်ကြာမှသာ ထုတ်ပေးမည် ဖြစ်သည်။ (တက်ရောက်ဘွဲ့ယူရာတွင် သက်ဆိုင်ရာ ဘွဲ့ဝတ်ရုံ ဝတ်ဆင်ထားပြီး ယာဉ်မောင်းနှင်ခြင်း၊ ဆိုင်ကယ်နှင့်သွားလာခြင်းမပြုရန် လိုအပ်မည် ဖြစ်ပါသည်။)
၇။ ရပ်ဝေးမှ ဘွဲ့နှင်းသဘင်လျှောက်လွှာ ပေးပို့လိုသူများသည် စာတိုက်ငွေပို့လွှာ (Postal Money Order) ဖြင့် ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)၊ ငွေစာရင်းဌာနသို့ ပေးပို့နိုင်ပါသည်။ ပေးပို့လွှာအောက်ြေခ တွင် “ဘွဲ့နှင်းသဘင်ကြေးပေးပို့ခြင်း” ဟု ဖော်ပြပြီး ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)သို့ လိပ်မူ၍ လျှောက်လွှာရှင်၏ အမည်၊ ဘွဲ့ရစာမေးပွဲခုံအမှတ်၊ အထူးပြုဘာသာ၊ ပညာသင်နှစ်၊ အောင်မြင်ခဲ့သော ခုနှစ် နှင့် လ၊ နေရပ်လိပ်စာအပြည့်အစုံကို တိကျစွာဖော်ပြရမည်။ (ပြည့်စုံစွာ ဖော်ပြထားခြင်း မရှိသော ငွေပို့လွှာများကို လက်ခံမည် မဟုတ်ပါ။)
၈။ ဘွဲ့နှင်းသဘင်ကျင်းပမည့် အသေးစိတ်အစီအစဥ်များကို ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)၊ ကျောင်းသားရေးရာဌာနတွင် စုံစမ်းနိုင်ပါသည်။
ဖုန်းနံပါတ်- ၀၉-၂၅၆၆၂၉၉၃၁၊ ၀၉-၂၅၆၂၆၈၃၁၃
ဘွဲ့နှင်းသဘင်ကျင်းပရေးကော်မတီ
ကွန်ပျူတာတက္ကသိုလ်(ပခုက္ကူ)
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်