သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန
ကွန်ပျူတာတက္ကသိုလ် (ပခုက္ကူ)
၂၀၂၂-၂၀၂၃ ပညာသင်နှစ်
ပထမနှစ်သင်တန်းအတွက် ဝင်ခွင့်သတ်မှတ်ချက်များ

၂၀၂၂ ခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သူ ဖြစ်ရမည်။ တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် ( ၃၄၀ )နှင့်အထက် ရရှိသူများသာ လျှောက်ထားနိုင်သည်။ စုစုပေါင်း ကျောင်းသားဦးရေ (၈၁) ဦးသာ လက်ခံမည်။ ဝင်ခွင့်လျှောက်ထားသူသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားချိန်၌ တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။ အခြေခံပညာအထက်တန်းကျောင်းတွင် ထုတ်ပေးသော တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ဖြင့် ပခုက္ကူကွန်ပျူတာတက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားးရမည်။ သင်တန်းကာလမှာ (၅)နှစ်ဖြစ်ပြီး အထူးပြုဘာသာရပ်အလိုက် အောင်မြင်ပြီးမြောက်သူများကို အောက်ပါကွန်ပျူတာဆိုင်ရာ ဘွဲ့များပေးအပ်သွားမည်ဖြစ်သည်။

(၁) ကွန်ပျူတာသိပ္ပံဘွဲ့(B. C. Sc)
(၂) ကွန်ပျူတာနည်းပညာဘွဲ့ (B. C. Tech)

အဆင့်မှီပါက မဟာဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများသို့ အဆင့်ဆင့်တက်ရောက်ခွင့်ရှိသည်။
အသေးစိတ်သိရှိလိုပါက ကွန်ပျူတာတက္ကသိုလ် ပခုက္ကူ ဖုန်း ၀၉-၈၉၄၂၁၅၅၄၄ သို့ခေါ်ဆိုပြီး ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


error: Content is protected !!