ပညာသင်ထောက်ပံကြေးပေးရာတွင် အောက်ပါသတ်မှတ်ချက်များးနှင့် ကိုက်ညီမှုရှိရန် လိုအပ်ပါသည်။

  • မိဘနှစ်ဦးနှင့် မိမိကိုယ်တိုင် သုံးဦးစလုံးတိုင်းရင်းသား / နိုင်ငံသားဖြစ်ရမည်။
  • ဆင်းရဲနွမ်းပါးသဖြင့် တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားရန် အခက်အခဲရှိသူဖြစ်ရမည်။
  • ဆင်းရဲနွမ်းပါးသည့် အခြေအနေခြင်းတူလျှင် ပညာတော်သူကို ဦးစားပေးစဉ်းစာမည်။
  • စာမေးပွဲကျရှုံးလျှင် ပညာသင်ထောက်ပံ့ကြေးကို ရပ်ဆိုင်းခြင်းခံရမည်။
  • စာမေးပွဲပြန်လည်အောင်မြင်ပါက ပညာသင်ထောက်ပံ့ကြေးကို ပြန်လည်လျှောက်ထားခွင့်ရှိသည်။
  • တက္ကသိုလ်/ ကောလိပ်ပြောင်းရွှေ့သင်ကြားလျှင်မူ အခြေအနေသစ်အရ ပြန်လည်စဉ်းစားမည်။
  • ပညာသင်ထောက်ပံ့ကြေးကို မိသားစုတစ်အိမ်ထောင်လျှင် တစ်ဦးသာ ခံစားခွင့်ရှိပါသည်။
  • ပညာသင်ထောက်ပံ့ကြေးရရှိသူများသည် အကျင့်စာရိတ္တပျက်ပြားမှုများ ပြုလုပ်ကျူးလွန်မိလျှင် သင်ထောက်ပံ့ကြေးကို ရပ်ဆိုင်မည်။
  • ကျောင်းနှင့် ကျောင်းဆောင်စည်းကမ်းများ ဖောက်ဖျက်လျှင် ပြစ်ဒဏ်ပေးခြင်းခံရလျှင် ပညာသင်ထောက်ပံ့ကြေးကို ရပ်ဆိုင်းမည်။
  • အကယ်၍ ပညာသင်ထောက်ပံ့ကြေးရရှိပြီး ၎င်းထောက်ပံ့ကြေးကို ဆက်လက်၍ ပေးရန်မလိုသည့်အချက်အလက်များ တွေ့ရှိပါက ပညာသင်ထောက်ပံ့ကြေးကို ရပ်ဆိုင်းမည်။
  • ပညာသင်ထောက်ပံ့ကြေးရရှိသူသည် သင်တန်းပြီးဆုံးသောအချိန်၌ နိုင်ငံတော်ကအလိုရှိလျှင် အမှုထမ်းပါမည်ဟု ကတိခံဝန်ချက်လက်မှတ်ရေးထိုးရမည်။
  • ပညာသင်ထောက်ပံ့ကြေးရရှိသူများအတွက် ပြဌာန်းထားသော ဝန်ခံချက်ကို ကတိပြုလက်မှတ်ရေးထိုးရမည်။
  • ပညာသင်ထောက်ပံ့ကြေးစိစစ်ရေးအဖွဲ့က အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးမှုအရ ဆောင်ရွက်မည်။
  • ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးရရှိသူ စုစုပေါင်းမှာ (၄၄) ဦးရှိပါသည်။